နင်အားငယ်နေတဲ့အချိန်မှာ
ငါ့ကိုလှမ်းခေါ်လိုက်ပါ
အချိန်မရွေးနင့်အနားမှာ
အားပေးစကားပြောဖို့ အဆင်သင့်ပါ...
နင့်ဘေးနားမှာ ပျော်စရာတွေရှိလာရင်လည်း
နင်နှင်ထုတ်စရာမလိုပါဘူးဟာ
ငါအလိုက်တသိနဲ့ထွက်သွားပေးမှာပါ...
ဘာကြောင့်လဲဆိုရင်
နင် ငါ့အပေါ်မှာရက်စက်တာတွေကို
ငါ့ ပတ်ဝန်းကျင်က သိသွားရင်
နင့်ကိုမုန်းတီးသွားကြမှာ
ငါ စိုးရိမ်လို့ပါ....
ဇော်မျိုးဦး

No comments:
Post a Comment