Tuesday, October 8, 2013

ပုန်းနေပါ


အချစ်ကြီးသူတိုင်း အဆုံးအရှုံးများတက်ကြတယ်တဲ့
ရှေးလူကြီးတွေပြောကြတဲ့ စကားကိုမမှန်ဘူးလို့
ထင်ခဲ့မိတယ်။ချစ်ခဲ့မိတဲ့ကျွန်တော်က ရှုံးမှမရှုံးဖူးခဲ့ပဲကိုး
အခုတော့ကျွန်တော်ဟာ

သူ့အကြည့်၊သူ့အပြုံး၊သူ့အသံတွေအောက်မှာ
ပိုးဆိုးပက်စက် ကျရှုံးခဲ့ရပြီ။
ကျွန်တော့်ဘ၀ထဲကိုဝင်ရောက်လာပြီး
ကျွန်တော့်ဘ၀ကို အပိုင်သိမ်းယူသွားခဲ့တဲ့
ကျွန်တော့်အသက်နဲ့ထပ်တူချစ်မြတ်နိုးခဲ့ရတဲ့
ကျွန်တော့်ချစ်သူက ကျွန်တော်တောင်ချစ်မ၀သေးခင်မှာပဲ
ကျွန်တော့်အဝေးကို ထွက်ပြေးပုန်းရှောင်သွားခဲ့တယ်
ပျောက်သောသူရှာရင်တွေ့ ဆိုတဲ့စကားလုံးကို
ရင်မှာပိုက်ပြီး ကျွန်တော့်နှလုံးသားကို
သံလိုက်အိမ်မြှောင်အဖြစ်အသုံးချပြီး
ချစ်သူရှာပုံတော် ဖွင့်ရတော့မယ်။
သူ့ကိုတခုပဲ ပြောချင်ပါရဲ့
လုံခြုံတဲ့နေရာမှာသာ ပုန်းနေပါ။
သူပေးခဲ့တဲ့ အချစ်တွေကသူ့ရှိမဲ့နေရာကို
မညွှန်ပြချင်း လွတ်ကင်းနေမယ်ဆိုတာကိုပေါ့....။
                                                                                     

No comments:

Post a Comment