တစ်စုံတစ်ယောက်ဆီ မင်းအတွေးတွေလွင့်ပျံ့နေချိန်မှာ
ငါ့စိတ်တွေက မာနမဲ့စွာ မင်းကိုစောင့်မျှော်နေခဲ့တယ်...
တစ်စုံတစ်ယောက်နဲ့ စကားတွေဖောင်ဖွဲ့လို့
မင်း ပျော်နေချိန်မှာ
ငါ့နှုတ်ခမ်းအစုံက နာကျင်စွာ ဆွံ့အနေခဲ့တယ်...
တစ်စုံတစ်ယောက်ကို ရည်စူးတဲ့ ကဗျာလေး တစ်ပုဒ်
ငါ့အတွက်မဟုတ်မှန်းသိပေမဲ့ ငါဖတ်ခဲ့မိတယ်
မင်း ရင်ဘတ်တစ်ခုလုံး အလွတ်ရသည်အထိပေါ့...
တစ်စုံတစ်ယောက်အတွက်ပဲ မင်း အသက်ရှင်နေပါ
မင်းပျော်တာမှန်ရင် ငါ ကျေနပ်ပါတယ်...
တစ်စုံတစ်ယောက်ကြောင့် မင်းမငိုမိပါစေနဲ့
မင်းမျက်ရည်တွေ ငါ ဘယ်တော့မှ
မမြင်ချင်လို့ ဆိုတာ
မင်းမှတ်ထားပေးပါ...
ဇော်မျိုးဦး

No comments:
Post a Comment