Thursday, October 3, 2013

စိုးရိမ်လွန်းလို့

ငါ့ အပေါ်မှာအရမ်းမကောင်းပါနဲ့လား
နင့် ကိုချစ်မိသွားမှာ စိုးရိမ်လွန်းလို့ပါ...

ငါ့ ကိုအမြဲတမ်းပျော်အောင် မစပါနဲ့လား
နင် မရှိတဲ့အချိန်ကြရင်
ငါ မပျော်နိုင်မှာ စိုးရိမ်လွန်းလို့ပါ...
ငါ့ နံဘေးမှာ အမြဲတမ်းရှိနေပေးပါလား
နင် မရှိတဲ့အချိန်ကြရင်
ငါ အထီးကျန်ရမှာကို စိုးရိမ်လွန်းလို့ပါ...
နင် အဝေးကိုထွက်မသွားပါနဲ့လား
နင် ထွက်သွားပြီးပြန်မလာမှာကို
ငါ စိုးရိမ်လွန်းလို့ပါ...
နင် တစ်စုံတစ်ယောက်ကို မချစ်မိပါစေနဲ့လား
နင် ချစ်မိတဲ့သူဟာ
ငါ မဟုတ်မှာကို စိုးရိမ်လွန်းလို့ပါ...
                                                                                      


No comments:

Post a Comment