ဒဏ်ရာတွေ နဲ့ နာကျင်လွန်းလို့
လဲကျတော့ မဲ့ စစ်သူရဲကောင်းက
နောက်ဆုံးထွက်သက်မှာ
သူ့ရဲ့ဓားကို မှီခိုအားပြုတယ်...
မယုံကြည်မှုတွေ နဲ့ နာကျင်လွန်းလို့
လွမ်းရတော့ မဲ့ သူက
နောက်ဆုံးလမ်းခွဲမှာ
သူ့ရဲ့ မာနကို မှီခိုအားပြုတယ်..
အချစ် နဲ့ စစ် မှာ
အရှုံးသမားတွေအတွက်
မှီခိုစရာ ရှားပါးလွန်းလှပါတယ်...

ကဗျာလေးတွေအားပေးကြမဲ့သူငယ်ချင်းများကိုစောင့်မျှော်နေပါတယ်။
ReplyDelete