တ၀က်တပျက်နဲပျက်ကွယ်ခဲ့တဲ့
ငါ့အကျင့်ကြောင့်လား....။
တဖက်သက်စွပ်စွဲချက်တွေနဲ့ စွပ်ဆွဲရက်ခဲ့တဲ့
မင်းကြောင့်လား.....။
နောက်ဆုံးတော့လည်း အပျက်ပျက်နဲ့
နှာခေါင်းသွေးတွေထွက်ခဲ့ရတယ်။
အသက်ထက်ဆုံးချစ်မယ်ဆိုတဲ့
စကားတွေတောင်ပြောပြီး
မင်းမေ့ခဲ့ရက်တယ်နော်....။
လက်တဖက်ဖြုတ်ချထားခဲ့လို့
တစက်စက်နဲ့ထွက်ကျလာတဲ့
ငါ့နှလုံးသွေးတွေကို မင်းမမြင်နိုင်ခဲ့ဘူး။
တရက်ရက်နဲ့ပြောင်းလဲခဲ့တဲ့
နေ့ရက်လေးတွေတောင် နှစ်အလီလီကြာခဲ့ပြီနော်...။
ငါမုန်းတက်လာပြီချစ်သူ....။
ခက်ထန်တဲ့ကြမ္မာကိုလည်း ကြောက်ရွံ့လာခဲ့ပြီ။
ဆက်ဆက်ပြီးနေရမဲ့နောက်ဘ၀ဆိုတာကို
လည်း ငါမမော်လင့်မလိုချင်တော့ဘူး။
ပျက်စီးခဲ့တဲ့ ဒီဘ၀မှာတင်
အရှုံးပေးလိုက်ချင်ပါပြီ
ချစ်ရသူရေ....။
ငါ့အကျင့်ကြောင့်လား....။
တဖက်သက်စွပ်စွဲချက်တွေနဲ့ စွပ်ဆွဲရက်ခဲ့တဲ့
မင်းကြောင့်လား.....။
နောက်ဆုံးတော့လည်း အပျက်ပျက်နဲ့
နှာခေါင်းသွေးတွေထွက်ခဲ့ရတယ်။
အသက်ထက်ဆုံးချစ်မယ်ဆိုတဲ့
စကားတွေတောင်ပြောပြီး
မင်းမေ့ခဲ့ရက်တယ်နော်....။
လက်တဖက်ဖြုတ်ချထားခဲ့လို့
တစက်စက်နဲ့ထွက်ကျလာတဲ့
ငါ့နှလုံးသွေးတွေကို မင်းမမြင်နိုင်ခဲ့ဘူး။
တရက်ရက်နဲ့ပြောင်းလဲခဲ့တဲ့
နေ့ရက်လေးတွေတောင် နှစ်အလီလီကြာခဲ့ပြီနော်...။
ငါမုန်းတက်လာပြီချစ်သူ....။
ခက်ထန်တဲ့ကြမ္မာကိုလည်း ကြောက်ရွံ့လာခဲ့ပြီ။
ဆက်ဆက်ပြီးနေရမဲ့နောက်ဘ၀ဆိုတာကို
လည်း ငါမမော်လင့်မလိုချင်တော့ဘူး။
ပျက်စီးခဲ့တဲ့ ဒီဘ၀မှာတင်
အရှုံးပေးလိုက်ချင်ပါပြီ
ချစ်ရသူရေ....။

No comments:
Post a Comment