Friday, September 12, 2014

Viber 5.0 version




ပြည်တွင်း၌ မိုဘိုင်းဖုန်းအသုံးပြုသူအများစု အသုံးပြုကြသည့် Viber application ကို ယင်းကုမ္ပဏီမှ iOS နှင့် Android ထုတ်ကုန်များအတွက် 5.0 version ကို ယနေ့ စတင်ဖြန့်ချိလိုက်ပြီဖြစ်ပြီး ဗွီဒီယိုခေါ်ဆိုမှု (video calling) ခေါ်ဆိုနိုင်သည့် ဝန်ဆောင်မှုအသစ်တစ်ခုပါ ပါဝင်လာကြောင်း သတင်းရရှိသည်။

 


အသစ်ထွက်ရှိလာသည့် Viber 5.0 version ၏ ဗွီဒီယိုမှတစ်ဆင့် ခေါ်ဆောင်သည့် ဝန်ဆောင်မှုအသစ်အား iOS နှင့် Android ထုတ်ကုန်များအပြင် Windows, Windows 8 နှင့် Mac ကွန်ပျူတာများတွင်ပါ တစ်ပြိုင်တည်း အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း Viber ကုမ္ပဏီမှ သတင်းရရှိသည်။



“ဗီဒီယိုခေါ်ဆိုမှု video calling ကို မိုဘိုင်းဖုန်းတွေမှာ အသုံးပြုလို့ရအောင် ဖန်တီးနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ ကျေနပ်ခဲ့ရပါတယ်” ဟု Viber ၏ CEO ဖြစ်သူ Talmon Marco က သတင်း ထုတ်ပြန်ချက်တွင် ပြောကြားသည်။


ထို့အပြင် အသစ်ထွက်ရှိလာသည့် Viber 5.0 version တွင် iOS အသုံးပြုသူများအနေဖြင့် viber sticker များကို အဖွင့်၊ အပိတ်ခလုတ် အသုံးပြုထားရုံဖြင့် ပြန်လည်မှာယူမှု (reorder) ပြုလုပ်နိုင်မည့်အပြင် Photo Message များကိုပါ အလွယ်တကူ Forward ပြုလုပ် အသုံးပြုနိုင်မည်ဖြစ်သည်။


Android ထုတ်ကုန်များ အတွက် ရုပ်ပုံဒီဇိုင်းများကို အသစ်ပြန်လည် ရေးဆွဲထားပြီး Windows 8 version 3.2 တွင် emotion နှင့် notification များပါ ပါဝင်လာပြီဖြစ်သည်။ မိုဘိုင်းဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှုနှင့် ဗွီဒီယိုခေါ်ဆိုမှု အစရှိသည့် ဝန်ဆောင်မှုများကိုပေးနေသည့် Viber application ကို နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ မှတ်ပုံတင်ပြုလုပ်၍ သုံးစွဲသူပေါင်း ၆၀၈ သန်းကျော်ရှိပြီး မြန်မာနိုင်ငံတွင်မူ အသုံးပြုသူပေါင်း ငါးသန်း ကျော်လွန်နေပြီဖြစ်သည်။

Download For Android

Download For Ios


credit http://internetjournal.com.mm 

No comments:

Post a Comment